Friday, April 30, 2010

တန်ဖိုးဆိုတာ လူလုပ်တာ


မွေးလွန်းလှတဲ့ မိခင် သားသမီးတွေဒဏ် ခံရစမြဲ

ဒါပေမယ့် … သူ့နှုတ်ခမ်းတွေ မမဲ့တက်ဘူး …

သူ့ ရင်ခွင်မှာ ပန်းတွေ အမြဲပွင့်တယ် ….

သူ့ ရင်ခွင်မှာ ဆောင်းပန်းတွေ အေးချိုတယ် …..

သူ့ ကမ္ဘာလေးဟာ နွေးထွေးတယ် …..

သူမ ဟာ မိခင်ကောင်းပဲ ….

တစ်ခါတစ်ရံ သူ့နှလုံးသားကို စားသုံးခံရလည်း

မငြိုငြင် တက်တဲ့ မိခင်ကြီးပေါ့ ……

သူရူးတစ်ယောက်လို ဟစ်ကြွေးနေပစေ

သူဟာ သားသမီးကို သူ့လို အဖြစ်မခံတက်တဲ့ သူပေါ့ ….

ငါ့ ၏ သားတို့ သမီးတို့ …..

တစ်ခါတစ်ရံ အသက်ရှုပြင်းတဲ့ နေ့တွေဆို

အေးချမ်းတဲ့ သစ်ပင်ရိပ်မှာ ခိုဝင်ပါ …..

မင်းတို့ အတွက် အေးချမ်းတဲ့ ရေအိုးစဉ်လေး ရှိတယ် ….

ဒါပေမယ့် ……

နောက်လူတွေ အတွက် ပြန်ဖြည့်ခဲ့ပါ ……

နောက်လူတွေ အတွက် ရှင်းလင်းထားခဲ့ပါ ….

နောက်လူတွေ အတွက် မင်းတို့မှာ တာဝန်ရှိတယ် ….

စိတ်ချပါ မိခင် ….

မိခင် ရဲ့ မွန်မြတ်တဲ့ နားခိုရာ နေရာအတွက်

ငွေ ကြေး နဲ့ တန်ဖိုးမဖြတ်ပါဘူး …..

ငွေ ကြေး အသပြာနဲ့ အလုပ်မလုပ်ပါဘူး …….

စိတ်စေတနာ သန့်ရှင်းစွာ နဲ့ အများအတွက် လုပ်ဆောင်ပေးပါတော့မယ် …..

အခုတော့ ……

စိမ်းလန်းနေတဲ့ သစ်ရိပ်တွေကြား

ရယ်မောသံ … လွမ်းဆွေးသံ …. ဖေးကူမယ့် လက်ကမ်းတွေ

ဗလောင်ဆူနေကြတာပေါ့ ……… ။

Monday, April 26, 2010

မင်းကလွဲလို့


ငါ့မှာ
ဘာမှမရှိတော့ဘူး ..ချစ်သူ ….

မင်းကိုချစ်မိတဲ့နေ့ကစပြီး
ငါ့အတ္တတွေကို သဂြိုလ်ခဲ့တယ် …
ငါ့မာနတွေကို မြေမြုပ်ပစ်ခဲ့တယ် …
စက်ရုပ်လိုဘ၀ထဲမှာ ကြိုးစားရှင်သန်ခဲ့တယ် …

အခု ငါ့မှာ
မင်းကို ချစ်တဲ့နှလုံးသားတစ်စုံက
ရင်ခုန်နေသေးတာကလွဲလို့
ထပ်ပေးဆပ်စရာ ..
ဘာမှကိုမကျန်တော့ဘူး ချစ်သူ …

ချစ်ခြင်းရဲ့ နိဂုံးက
လမ်းခွဲခြင်းမဟုတ်လို့
ဝေးကွာဖို့ဆိုတဲ့ အခြေအနေတရပ်
ငါ့ပြဌာန်းချက်မှာ မရှိတော့လဲ
တစ်ယောက်တည်း ကြေကွဲနေရတာကိုက
ငါ့ဘ၀ပေးပဲ ထားလိုက်ပါတော့ ချစ်သူရယ် …

အားလုံးရဲ့ အဝေးမှာ


ကင်နာပြီဆိုရင်
မာသာထရီဇာ အရှုံးပေးရတဲ့သူမျိုး …
ရက်စက်ပြီဆိုရင်
ဟစ်တလာ ဆရာတင်ထားတဲ့သူမျိုး တဲ့ …

အဲ့ဒီလိုအစွန်းနှစ်ဖက်နဲ့
လူလားမြောက်ခဲ့သူ ငါ …
တစ်ယောက်တည်းနေတာ အကောင်းဆုံးပါ ….

ထင်ချင်သလိုထင်ပါ ..ပြောချင်သလိုပြောပါ

ငါက အစကတည်းက တစ်ယောက်တည်းဘ၀မှာ နေသားကျခဲ့ပြီးသားပါ

မုန်းလို့ မရတဲ့ ချစ်သူတွေ



ဝေးကြမယ် ..ပြတ်တယ်
ဒီဇာတ်လမ်းတွေ
ရပ်တန်းကရပ်မယ် ….
အကြီးအကျယ်နဲ့
နားမလည်တဲ့ ဘာသာစကားတွေပြောခဲ့ ……

ဒီလိုနဲ့ပဲ .. တခါတလေ
ကဗျာတွေနဲ့ ကိုယ်ကချော့
မချော့ခင်က အလျှော့ပေးနှင့်တာ “သူ”
ဘယ်သူမှ အနိုင်အရှုံးမရှိပဲ
မုန်းလို့မရတဲ့ ချစ်သူနှစ်ယောက်
သံယောဇဉ်တွေရဲ့ ပစ်ခတ်မှုအောက်မှာ
မသိမသာ လက်နက်ချလိုက်ကြတယ် ..

Sunday, April 25, 2010

အချစ်နဲ့ အရာရာ ဖန်ဆင်း


ကောင်းကင်ကို မော့ကြည့်

ကြယ်တစ်စင်း မင်းအတွက်

လင်းခဲ့တယ်…. ငါ့အချစ်နဲ့ပေါ့


ဆေးရောင်တွေ ခြယ်ကြည့်

လှပခြင်း မင်းအတွက်

ဖြစ်ခဲ့တယ်…ငါ့အချစ်နဲ့ပေါ့


အရာရာဖန်ဆင်း…

ချစ်သူ့ အတွက်

လမင်းဆိုလည်း ဖြစ်စေ…

ပန်းချီကားတွေလည်း လှစေ…

မင်းပေးတဲ့ လက်တစ်စုံသာ

ငါ့အတွက် အရာရာ အားဖြစ်စေ…


ဟိုး….အဝေးမှာလေ

ပန်းပွင့်လေးတွေ မင်းအတွက်

မိုးစက်လေးတွေထဲ မင်းပြေးဆော့လိုက်….

အရာရာဖန်ဆင်းမယ်လေ…. အချစ်နဲ့


ကောင်မလေး တစ်ယောက်နားကနေ ချစ်ခြင်းတွေ ဖန်ဆင်း……… မင်းအတွက်

ကဗျာတစ်ပုဒ်ရှိခဲ့ဖူးတယ် ဆိုတဲ့ စာသားလေးတွေ့လို့ ဒီကဗျာလေး ဖြစ်လာခဲ့တယ်ဆိုပါတော့။