Friday, April 30, 2010

တန်ဖိုးဆိုတာ လူလုပ်တာ


မွေးလွန်းလှတဲ့ မိခင် သားသမီးတွေဒဏ် ခံရစမြဲ

ဒါပေမယ့် … သူ့နှုတ်ခမ်းတွေ မမဲ့တက်ဘူး …

သူ့ ရင်ခွင်မှာ ပန်းတွေ အမြဲပွင့်တယ် ….

သူ့ ရင်ခွင်မှာ ဆောင်းပန်းတွေ အေးချိုတယ် …..

သူ့ ကမ္ဘာလေးဟာ နွေးထွေးတယ် …..

သူမ ဟာ မိခင်ကောင်းပဲ ….

တစ်ခါတစ်ရံ သူ့နှလုံးသားကို စားသုံးခံရလည်း

မငြိုငြင် တက်တဲ့ မိခင်ကြီးပေါ့ ……

သူရူးတစ်ယောက်လို ဟစ်ကြွေးနေပစေ

သူဟာ သားသမီးကို သူ့လို အဖြစ်မခံတက်တဲ့ သူပေါ့ ….

ငါ့ ၏ သားတို့ သမီးတို့ …..

တစ်ခါတစ်ရံ အသက်ရှုပြင်းတဲ့ နေ့တွေဆို

အေးချမ်းတဲ့ သစ်ပင်ရိပ်မှာ ခိုဝင်ပါ …..

မင်းတို့ အတွက် အေးချမ်းတဲ့ ရေအိုးစဉ်လေး ရှိတယ် ….

ဒါပေမယ့် ……

နောက်လူတွေ အတွက် ပြန်ဖြည့်ခဲ့ပါ ……

နောက်လူတွေ အတွက် ရှင်းလင်းထားခဲ့ပါ ….

နောက်လူတွေ အတွက် မင်းတို့မှာ တာဝန်ရှိတယ် ….

စိတ်ချပါ မိခင် ….

မိခင် ရဲ့ မွန်မြတ်တဲ့ နားခိုရာ နေရာအတွက်

ငွေ ကြေး နဲ့ တန်ဖိုးမဖြတ်ပါဘူး …..

ငွေ ကြေး အသပြာနဲ့ အလုပ်မလုပ်ပါဘူး …….

စိတ်စေတနာ သန့်ရှင်းစွာ နဲ့ အများအတွက် လုပ်ဆောင်ပေးပါတော့မယ် …..

အခုတော့ ……

စိမ်းလန်းနေတဲ့ သစ်ရိပ်တွေကြား

ရယ်မောသံ … လွမ်းဆွေးသံ …. ဖေးကူမယ့် လက်ကမ်းတွေ

ဗလောင်ဆူနေကြတာပေါ့ ……… ။

0 comments:

Post a Comment