Tuesday, August 17, 2010

My life ZERO


ငါ့မှာ ဘာမှ မရှိတော့ ဘူး
ငါ့ ရင်ထဲ မှာ အချစ်ဆိုတဲ့  သစ်ပင်လေးလဲ
အဆပ်သင့်ပြီးသေဆုံးသွားပါပြီ
တစ်ယောက် ထဲ အားငယ်နေတဲ့ အချိန်တွေမှာ
မင်းရဲ့ အချစ်တွေနဲ့  အားပေးနှက်သိမ့် ပေးခဲ့ တဲ့ အတွက်
ငါမင်းကို ထာဝရကျေးဇူးတင်နေမှာပါ
ငါ က အရိုင်းစိုင်းတစ်ကောင်ပါ
မင်းကို ချစ်ခဲ့ တဲ့ အချစ်တွေ နဲ့ ပဲ
ငါ့ ဘ၀ကို ကောင်းအောင် နေသွား ပါ့မယ်
အချစ်ဆို တာ ချစ်နေဖို့  ပါပဲ
ချစ်နေမှာပါ တစ်သက်လုံး ချစ်လို့ လဲ မုန်းနေအုံးမှာ ပါ
အဲ့ ဒါ မင်းကို ချစ်လွန်းလို့  မုန်းသွားတာ
ငါ့ရင် တွေ ကွဲ ကြေခဲ့ရတာ တစ်ခါ မဟုတ်ပေမယ့်
ဒီတစ်ခါတော့ ငါ့ ရင် ကို ခွဲ ပြီး ငါ့ နှလုံးသားရဲ့  အချစ်သစ်ပင်လေး ကို
မင်း ကိုယ် တိုင် အဆိပ် ရေ လောင်း ပေးခဲ့ သလိုပါပဲ
ငါပျော်ပါတယ် ငါ့ ရဲ့ အချစ်သစ်ပင် ကို
မင်းကိုယ် တိုင်စိုက်ပြီး
မင်းကိုယ် တိုင် ပဲ ပြန်နုတ်သွားခဲ့ တယ်
ငါမင်းကို အရမ်းချစ် တယ်
ငါမင်းကို အရမ်းမုန်းတယ်

0 comments:

Post a Comment