Pages

Wednesday, May 19, 2010

အမှားတွေနဲ့ ငါ


အမှားတွေ ကို ဆက်တိုက် လုပ်တဲ့ လူ အဖို့ 
ရှေ့ ဆက်ဖို့ လမ်းတွေ ကို
ကြောက်ရွှံနေမိနေပါပြီ
မင်း ကို သ၀န် တို လို့ ပြော ခဲ့ တဲ့ စကားတွေမှာ
ခွင့်လွှတ်လို့  မရအောင်
စကားကြမ်းကြမ်းတွေပြောရလောက်အောင်
ငါ့ စိတ်ဓါတ်က အောက် တန်းကျနေပြီလား
မင်းကို ငါ့စိတ်ထဲမှာ ဖြူစင်စွာချစ်နေဆဲပါ
တစ်ခါတစ်လေ ငါ ဟိုးအဝေးကြီးကို ထွက်သွားချင်ပါတယ်
ငါ ဘာ ကို မှ လှည့် မကြည့်ချင်တော့ဘူး
ဒါပေမယ့် ငါပြောပြမယ်
ငါ့ အချစ် က မင်းတစ်ယောက် ထဲ အတွက်ပါ
အချစ် ဆို တာ မနာလို ၀န်တို
အနှောင် အဖွဲ့ တွေနဲ့  ဖွဲ့ စည်းထားတဲ့ 
သံယောဇဉ်လေး တစ်ခုပါ
နောက် ဆုံးတော့ ငါနားလည်လိုက်ပါပြီ
ချုပ်ခြယ်မှုတွေဆိုတာ
စိတ်ချပါ ချစ်သူ
ငါဘယ်တော့ မှ မင်းကို ချုပ်ခြယ်တော့ မှာ မဟုတ်ပါဘူး
ဘာလို့ လဲ ဆိုတော့
ငါ့ရဲ့  အချစ်တွေ က မင်း အတွက်
ပူလောင်စေခဲ့ လို့ ပါ
ငါ့ ရဲ့ အချစ်တွေ က ပူလောင် ပါတယ်
ချစ်သူ
မင်းအဝေးကြီးကို ထွက် သွားမှာလား
သွားပါ ဒီတစ်ခါငါမတားတော့ပါဘူး
ငါ မှားသွားခဲ့ ပြီ
မင်းကို တွေ့ ပြီး စကားတွေ ပြောဖို့ 
ငါ့မှာ အင်အားတွေ မရှိတော့ဘူး
ဘာလို့ လဲ ဆိုတော့ အမှားတွေ
ဆက်တိုက်လုပ်နေတဲ့  ငါ က
မင်းရဲ့ ဖြူစင်တဲ့  အချစ်နဲ့ မတန်လို့ ပါ
ငါမင်းကို အရမ်းချစ်ပါတယ် .......

1 comment:

  1. mg yal sumyar ka ae lo ta baw myo nae ma hote par woo...sumyar bal yout kyar nae ma q par buuu..mg ta wan to tar sumyar ti par tal..mg yal sumyar bat ka man ag nay kae tal lay kwal..mg sin sar kyi lay kwal..chit tal mg yal...

    ReplyDelete