Pages

Sunday, May 9, 2010

အကျဉ်းတန်တဲ့ ကမ္ဘာငယ်လေး


ငယ်စဉ်ဘ၀ကတည်းက ငါ ဟာ အဖေါ်မဲ့ ခြင်း ၊အထီးကျန်ခြင်းတွေနဲ့  ရှင် သန်လာရတော့ ငါ့အတွက် ပျော် ရွှင် စရာ ဆိုတာ ဘယ်မှာ လဲ ကွယ် ငါ့  ဘ၀ရဲ့ အထီးကျန်ခြင်းတွေကို
ဘယ် သူတွေက ရော ဖေးမပေးခဲ့ ဘူး
ငါလေ တစ်ခါတစ်လေ ကလေး အ၇မ်းဖြစ်ချင်တယ် အမေ့  ရဲ့ ချော့ တေးသံလေးတွေနဲ
အမေ့ ၇င် ခွင် ထဲ မှာ ခေါင်းတို့ ဝှေ့ပြီး ချို မြိန် တဲ့  ညလေးတွေ ကို ဖြတ်သန်းချင်လိုက်တာ အကျဉ်းတန်တဲ့ နေ့ ရက် တွေကို
လူသားမဆန်စွာနဲ့  ဖြတ် သန်း လာ၇တဲ့  ငါ

ကိုယ့် ချစ်သူ ကို ပုံ ပြော ပြီး ချော့ သိပ်ဖို့  ငါ့ မှာ အားအင်တွေ မရှိခဲ့ ဘူး
ငါ့ ကို ခွင့် လွှတ်ပါချစ် သူ

ငါ တကယ် ကို ပုံမပြောတတ်လို့ ပါ

အထီးကျန် တဲ့ ကမ္ဘာ ငယ်လေးမှာ

ပဲ့ မရှိ တဲ့  ရွက်လှေ လေးလို
ငါ ရွက်လွှင့် ခဲ့ ရလို့ 
လို ရာ ပန်းတိုင် ကို လဲ မရောက် ခဲ့ ပါဘူးလေ

နွေးထွေးခြင်းနှလုံးသား လက် တစ် စုံ နဲ့ 

ဖေးမပေးမယ့် အမေ့ ရဲ့  မေတ္တာလေးကို

ငါ မက်မောနေခဲ့  တာ ဟိုး ငယ် ကတည်းက ပါပဲ

အခု ချိန် မှာ ငါ တောင့်တနေတာ
"အမေ" ရဲ့ 
အေးမြတဲ့ မေတ္တာလေးပါ

2 comments: