Sunday, May 2, 2010

ရင်ခုန်သံ



ရင်ခုန်သံတွေမညီညာခဲ့ ပေမယ့်
စည်းချက်တော့ကျခဲ့ ပါတယ်

သူများလို တော့ကဗျာမဆန်ဘူးပေါ့နော်

ဒါပေမယ့် အညာဆန်ပါတယ်

အညာသားလေးတွေက ရိုးသားသလို
ငါ့ရဲ့ အချစ်ကလဲဖြူစင်ခဲ့ ပါတယ်

မင်းကိုပြောခဲ့ တဲ့ စကားတွေမှာ

မုသားမပါလို့ လင်္ကာမချောခဲ့ ပေမယ့်

ရင်နင့်အောင်ချစ်တယ်လို့ တော့
ပြောတတ်ပါတယ်
ငါ့ရဲ့ ရင်ခုန်သံလေးတွေလေးတွေ
မင်းလေးတစ်ချိန်မှာ ကြားနိုင်ပါစေ....


0 comments:

Post a Comment