Monday, April 26, 2010

မုန်းလို့ မရတဲ့ ချစ်သူတွေ



ဝေးကြမယ် ..ပြတ်တယ်
ဒီဇာတ်လမ်းတွေ
ရပ်တန်းကရပ်မယ် ….
အကြီးအကျယ်နဲ့
နားမလည်တဲ့ ဘာသာစကားတွေပြောခဲ့ ……

ဒီလိုနဲ့ပဲ .. တခါတလေ
ကဗျာတွေနဲ့ ကိုယ်ကချော့
မချော့ခင်က အလျှော့ပေးနှင့်တာ “သူ”
ဘယ်သူမှ အနိုင်အရှုံးမရှိပဲ
မုန်းလို့မရတဲ့ ချစ်သူနှစ်ယောက်
သံယောဇဉ်တွေရဲ့ ပစ်ခတ်မှုအောက်မှာ
မသိမသာ လက်နက်ချလိုက်ကြတယ် ..

0 comments:

Post a Comment