Monday, April 26, 2010

မင်းကလွဲလို့


ငါ့မှာ
ဘာမှမရှိတော့ဘူး ..ချစ်သူ ….

မင်းကိုချစ်မိတဲ့နေ့ကစပြီး
ငါ့အတ္တတွေကို သဂြိုလ်ခဲ့တယ် …
ငါ့မာနတွေကို မြေမြုပ်ပစ်ခဲ့တယ် …
စက်ရုပ်လိုဘ၀ထဲမှာ ကြိုးစားရှင်သန်ခဲ့တယ် …

အခု ငါ့မှာ
မင်းကို ချစ်တဲ့နှလုံးသားတစ်စုံက
ရင်ခုန်နေသေးတာကလွဲလို့
ထပ်ပေးဆပ်စရာ ..
ဘာမှကိုမကျန်တော့ဘူး ချစ်သူ …

ချစ်ခြင်းရဲ့ နိဂုံးက
လမ်းခွဲခြင်းမဟုတ်လို့
ဝေးကွာဖို့ဆိုတဲ့ အခြေအနေတရပ်
ငါ့ပြဌာန်းချက်မှာ မရှိတော့လဲ
တစ်ယောက်တည်း ကြေကွဲနေရတာကိုက
ငါ့ဘ၀ပေးပဲ ထားလိုက်ပါတော့ ချစ်သူရယ် …

0 comments:

Post a Comment