Tuesday, August 17, 2010
My life ZERO
ငါ့မှာ ဘာမှ မရှိတော့ ဘူး
ငါ့ ရင်ထဲ မှာ အချစ်ဆိုတဲ့  သစ်ပင်လေးလဲ
အဆပ်သင့်ပြီးသေဆုံးသွားပါပြီ
တစ်ယောက် ထဲ အားငယ်နေတဲ့ အချိန်တွေမှာ
မင်းရဲ့ အချစ်တွေနဲ့  အားပေးနှက်သိမ့် ပေးခဲ့ တဲ့ အတွက်
ငါမင်းကို ထာဝရကျေးဇူးတင်နေမှာပါ
ငါ က အရိုင်းစိုင်းတစ်ကောင်ပါ
မင်းကို ချစ်ခဲ့ တဲ့ အချစ်တွေ နဲ့ ပဲ
ငါ့ ဘ၀ကို ကောင်းအောင် နေသွား ပါ့မယ်
အချစ်ဆို တာ ချစ်နေဖို့  ပါပဲ
ချစ်နေမှာပါ တစ်သက်လုံး ချစ်လို့ လဲ မုန်းနေအုံးမှာ ပါ
အဲ့ ဒါ မင်းကို ချစ်လွန်းလို့  မုန်းသွားတာ
ငါ့ရင် တွေ ကွဲ ကြေခဲ့ရတာ တစ်ခါ မဟုတ်ပေမယ့်
ဒီတစ်ခါတော့ ငါ့ ရင် ကို ခွဲ ပြီး ငါ့ နှလုံးသားရဲ့  အချစ်သစ်ပင်လေး ကို
မင်း ကိုယ် တိုင် အဆိပ် ရေ လောင်း ပေးခဲ့ သလိုပါပဲ
ငါပျော်ပါတယ် ငါ့ ရဲ့ အချစ်သစ်ပင် ကို
မင်းကိုယ် တိုင်စိုက်ပြီး
မင်းကိုယ် တိုင် ပဲ ပြန်နုတ်သွားခဲ့ တယ်
ငါမင်းကို အရမ်းချစ် တယ်
ငါမင်းကို အရမ်းမုန်းတယ်
Thursday, June 17, 2010
လူငယ်လေး တစ်ယောက်
လူငယ်လေး တစ်ယောက် ကမ္ဘာမြေကြီးပေါ်ရောက်လာတော့ ကမ္ဘာကြီးက နွေးထွေးစွာ ကြို ဆိုပေမယ့် လောကကြီးကတော့ လူငယ်လေးကို ရက်စက် မှု တွေ အပြည့်ပေးခဲ့ တယ် မတရားလိုက်တာဗျာ သူ့ မှာ ဘာအပြစ်တွေ ရှိနေလို့ လဲ လူငယ် လေး တစ် ယောက် လောကကြီး ရဲ့  နှိပ်စက် မှု အောက် မှာ ကြံ့ ကြံ့ ခံ ရင်း ကြီး ပြင်းလာ ခဲ့ တယ် ဒါပေမယ့် လူငယ်လေးရဲ့ ရင် ထဲမှာတော့ အထီးကျန်မှုတွေ နာကြည်းချက် တွေနဲ့ ပြည့်နက် နေတယ် ယုံကြည်မှု တွေ ပျောက်ကွယ် ပြီး အားငယ် တဲ့ စိတ်တွေ အပြည့်နဲ့ ပေါ့ ဖေးမ ကူ ညီပေးမဲ့  သူတွေမရှိသလို အရှုံးတွေကို ဆက်တိုက် ရင် ဆိုင် ခဲ့ ၇တယ် လူငယ် လေး ဟာ လောကကြိးကို စိတ်ကုန် နေလေရဲ့  သူတွေးနေတာ တစ် ခုတော့ ရှိတယ် "ငါ ဘာအတွက် လူဖြစ်လာတာလဲ တဲ့ " လူငယ်လေးဟာ စိတ်ဓါတ်င်္တွေအ၇မ်းကျနေပြီး လောကကြိးကနေ ထွက်သွားချင်နေရဲ့  ဒါပေမယ့်လေ......................................
Thursday, May 27, 2010
မွေးနေ့ လက်ဆောင်
ဘာလို လိုနဲ့  ချစ်သူလေးရဲ့ မွေးနေ့ တောင် ရောက်လာပြီနော်
ချစ်သူ ရေ မင်း ဘာ မှ စိတ်ညစ်မနေ ပါနဲ့ 
မင်းရဲ့  မွေးနေ့ မှာ တစ်ကမ္ဘာလုံးမှာ ရှိတဲ့ 
ပန်းလေးတွေ ပွင့်နေလို့ 
လောကကြီး တစ်ခုလုံး သာယာ နေမယ် ဆို တာ
ငါ ယုံကြည်ပါတယ်
အခု ဆို ရင် နေမင်းကြီးကတောင်
ချစ်သူလေးရဲ့  မွေးနေ့ ကို ဂုဏ်ပြုဖို့ စောင့်နေလေရဲ့ 
ဘယ်လောက် ပျော် ရွှင် စရာ ကောင်းလိုက် သလဲ ......
မင်း ကို ချစ် တဲ့  ချစ်သူလေးက လဲ
မင်းရဲ့  ဘေးမှာ မင်း ကို ချစ်တဲ့ 
အချစ်တွေ နဲ့  မင်းလေးရဲ့ မွေးနေ့ မှာ
မွေးနေ့ ကို ဂုဏ်ပြုဖို့ စောင့် နေလေရဲ့ 
ဘယ်လောက် ပျော် ရွှင် စရာကောင်းလိုက် သလဲ .....
ချစ်သူလေး နိုးထလာမယ့် အချိန် ကို
ပန်းလေးတွေ ရယ် ၊နေမင်းကြီးရယ် ၊
မင်းကို သိပ်ချစ်တဲ့  ချစ်သူရယ်
မင်းကို မွေးနေ့ မှာ ပျော် ရွှင် ပါစေလို့  ပြောကြလိမ့်မယ်
ငှက်ကလေး တွေရယ် ၊လေပြေလေးတွေကတော့
မင်း ကို သံဇဉ်လေးတွေ နဲ့ကြိုဆိုကြလိမ့်မယ်
ချစ်သူလေး စိတ် ညစ် တာတွေ ထားခဲ့ လိုက်နော်
ဒီကဗျာလေး နဲ့ အတူ
မောင့် ချစ်သူလေးရဲ့ မွေးနေ့ ကို ဂုဏ်ပြုလိုက်ပါတယ်
မောင့် ချစ်သူလေး မွေးနေ့ မှာ ထာဝရ ပျော် ရွှင် ပြီး
အပြုံးလေးတွေ နဲ့  လောကကြီး ကို အလှ ဆင် နိုင် ပါစေလို့ 
မောင် ဆုတောင်းပေးလိုက်တယ်နော်
သိပ်ချစ် တဲ့  "မောင် "
Thursday, May 20, 2010
မင်းနဲ့ အဝေးဆုံး
Wednesday, May 19, 2010
အမှားတွေနဲ့ ငါ
အမှားတွေ ကို ဆက်တိုက် လုပ်တဲ့ လူ အဖို့ 
ရှေ့ ဆက်ဖို့ လမ်းတွေ ကို
ကြောက်ရွှံနေမိနေပါပြီ
မင်း ကို သ၀န် တို လို့ ပြော ခဲ့ တဲ့ စကားတွေမှာ
ခွင့်လွှတ်လို့  မရအောင်
စကားကြမ်းကြမ်းတွေပြောရလောက်အောင်
ငါ့ စိတ်ဓါတ်က အောက် တန်းကျနေပြီလား
မင်းကို ငါ့စိတ်ထဲမှာ ဖြူစင်စွာချစ်နေဆဲပါ
တစ်ခါတစ်လေ ငါ ဟိုးအဝေးကြီးကို ထွက်သွားချင်ပါတယ်
ငါ ဘာ ကို မှ လှည့် မကြည့်ချင်တော့ဘူး
ဒါပေမယ့် ငါပြောပြမယ်
ငါ့ အချစ် က မင်းတစ်ယောက် ထဲ အတွက်ပါ
အချစ် ဆို တာ မနာလို ၀န်တို
အနှောင် အဖွဲ့ တွေနဲ့  ဖွဲ့ စည်းထားတဲ့ 
သံယောဇဉ်လေး တစ်ခုပါ
နောက် ဆုံးတော့ ငါနားလည်လိုက်ပါပြီ
ချုပ်ခြယ်မှုတွေဆိုတာ
စိတ်ချပါ ချစ်သူ
ငါဘယ်တော့ မှ မင်းကို ချုပ်ခြယ်တော့ မှာ မဟုတ်ပါဘူး
ဘာလို့ လဲ ဆိုတော့
ငါ့ရဲ့  အချစ်တွေ က မင်း အတွက်
ပူလောင်စေခဲ့ လို့ ပါ
ငါ့ ရဲ့ အချစ်တွေ က ပူလောင် ပါတယ်
ချစ်သူ
မင်းအဝေးကြီးကို ထွက် သွားမှာလား
သွားပါ ဒီတစ်ခါငါမတားတော့ပါဘူး
ငါ မှားသွားခဲ့ ပြီ
မင်းကို တွေ့ ပြီး စကားတွေ ပြောဖို့ 
ငါ့မှာ အင်အားတွေ မရှိတော့ဘူး
ဘာလို့ လဲ ဆိုတော့ အမှားတွေ
ဆက်တိုက်လုပ်နေတဲ့  ငါ က
မင်းရဲ့ ဖြူစင်တဲ့  အချစ်နဲ့ မတန်လို့ ပါ
ငါမင်းကို အရမ်းချစ်ပါတယ် .......
Sunday, May 9, 2010
အကျဉ်းတန်တဲ့ ကမ္ဘာငယ်လေး
ငယ်စဉ်ဘ၀ကတည်းက ငါ ဟာ အဖေါ်မဲ့ ခြင်း ၊အထီးကျန်ခြင်းတွေနဲ့  ရှင် သန်လာရတော့ ငါ့အတွက် ပျော် ရွှင် စရာ ဆိုတာ ဘယ်မှာ လဲ ကွယ် ငါ့  ဘ၀ရဲ့ အထီးကျန်ခြင်းတွေကို
ဘယ် သူတွေက ရော ဖေးမပေးခဲ့ ဘူး
ငါလေ တစ်ခါတစ်လေ ကလေး အ၇မ်းဖြစ်ချင်တယ် အမေ့  ရဲ့ ချော့ တေးသံလေးတွေနဲ
့ အမေ့ ၇င် ခွင် ထဲ မှာ ခေါင်းတို့ ဝှေ့ပြီး ချို မြိန် တဲ့  ညလေးတွေ ကို ဖြတ်သန်းချင်လိုက်တာ အကျဉ်းတန်တဲ့ နေ့ ရက် တွေကို
လူသားမဆန်စွာနဲ့  ဖြတ် သန်း လာ၇တဲ့  ငါ
ကိုယ့် ချစ်သူ ကို ပုံ ပြော ပြီး ချော့ သိပ်ဖို့  ငါ့ မှာ အားအင်တွေ မရှိခဲ့ ဘူး
ငါ့ ကို ခွင့် လွှတ်ပါချစ် သူ
ငါ တကယ် ကို ပုံမပြောတတ်လို့ ပါ
အထီးကျန် တဲ့ ကမ္ဘာ ငယ်လေးမှာ
ပဲ့ မရှိ တဲ့  ရွက်လှေ လေးလို ငါ ရွက်လွှင့် ခဲ့ ရလို့ 
လို ရာ ပန်းတိုင် ကို လဲ မရောက် ခဲ့ ပါဘူးလေ
နွေးထွေးခြင်းနှလုံးသား လက် တစ် စုံ နဲ့ 
ဖေးမပေးမယ့် အမေ့ ရဲ့  မေတ္တာလေးကို
ငါ မက်မောနေခဲ့  တာ ဟိုး ငယ် ကတည်းက ပါပဲ
အခု ချိန် မှာ ငါ တောင့်တနေတာ
"အမေ" ရဲ့  အေးမြတဲ့ မေတ္တာလေးပါ
အမေသို့ တမ်းချင်း(အမေများနေ့ အမှတ်တရ)
ငါငယ်ငယ်ကကြားဘူးခဲ့..
ပြောမှသိ ၊ ထိမှနာ..
ဝေးမှလွမ်း..
အခုတော့ မာယာတွေ ထူပြောလှတဲ့..
လောကကြီးမှာ အထီးကျန်စွာ..
ပေါ့ပျက်ပျက်နဲ့ ..
ဖြတ်သန်းနေမိတဲ့ ငါ..
ငါ့ရဲ့ ဝိညဉ်ကို ငါ ပြန်ချုပ်တီးပြီး..
ငါ ကို့ငါ အသက် ပြန်သွင်းကြည့်လိုက်တော့..
ငါ့ရဲ့ ဘေးမှာ '' အမေ '' ဆိုတဲ့..
ဝေါဟာရ တစ်ခု က
ငါ့ရဲ့ဒိုင်ယာရီ ထဲမှာ..အရောင်ပြယ်ပြီး..
ပျက်လွင့် စပြုနေခဲ့ပြီလေ...
ငါ့အတိတ်ကို ပြန်ပြီးအိပ်မက်မက်ကြည့်တော့..
ငါ့ရဲ့ အိပ်မက်လေးက ပျော်စရာကြီးပဲလေ..
ငါ့ရဲ့ ဘေးမှာ ငါရယ် ငါ့ရဲ့ အဖေ ရယ် ၊
ငါ့အမေရယ်.. ငါ့မိသားစုလေးရယ်..
ပျော်လို့ပေါ့..
ဒီလိုနဲ့ပဲ .....ငါ့အိပ်မက် လန့်နိုးလာခဲ့ရတဲ့ည..
ငါ့ရဲ့ ဘဝ ကြီးမိုးမှောင်ကျပြီး..
ဘာကိုမှအဖက်ဆည်လို့မရအောင်..
ငါ့ရဲ့ ပျော်စရာကောင်းတဲ့ အိပ်မက်လေး
ကြယ်တွေစုံနေတဲ့..ငါ့ရဲ့အိပ်မက်ကောင်းကင်ကြီးမှာ..
''အမေ '' ဆိုတဲ့ .ကြယ်လေးတစ်ပွင့်ကို..
လမသာ.. တိမ်စိုင်တိမ်ခဲတွေ ပြည့်နှက် နေတဲ့
မိုးကောင်ကင် ကြီးမှာ ကြယ်လေးတစ်ပွင့်..
တွေ့ လို့တွေ့ ငြား ငါရှာနေမိတယ်..
ဟော..တွေ့ ပါပြီ.ဖျော့တော့တော့.ကြယ်လေးတစ်ပွင့်
တိမ်စိုင်တွေကြားမှာ..
တက်နိုင်သမျှ သူ့အလင်းရောင်လေး
ပေးစွမ်းနိုင်ဖို့..တကယ့်ကို ပင်ပင်ပန်းပန်းနဲ့..
ထွန်းလင်းပေးခဲ့တဲ့..ကြယ်လေးတစ်ပွင့်..
ငါကြည့်နေတဲ့..အခိုက်အတန့်လေးမှာ..
အဲဒီကြယ်လေးကြွေသွားလေရဲ့..
ငါနှမြောလိုက်တာ..အဲဒီ အချိန်တုန်းကပေါ့..
ကြယ်လေးကို ငါခပ်ကြာကြာ ကြည့်နေရမယ်ထင်နေခဲ့တာလေ..
ဒါပေမယ့် အချိန်တွေ က မပေးခဲ့ ဘူးလေ
လွမ်းလိုက်တာ...အမေရယ်....လို့ကလွဲပြီး
ငါဘာများ ညည်းသွားနိုင်ဦးမှာလဲ....
နေပူမရှောင် မိုးရွာမရှောင်..
မိသားစုအတွက်နဲ့...ဘယ်ဘက်လက်ညှိုးလေး
ဓါးပြတ်ခဲ့တာတောင် မညည်းမညူနဲ့
ပင်ပန်းကြီးစွာ..ကြိုးစားရုန်းကန်ပေးခဲ့တဲ့..
အမေ..
မျက်နှာမှာ သနပ်ခါးပါးကွက်ကြားနဲ့..
ဘယ်အချိန်ကြည့်ကြည့် ပြုံးရွှင်နေတဲ့ ..
အမေ...
ကျောင်းပြန်ရင် အပြုံးပန်းလေးနဲ့..
ကြိုဆိုနေတဲ့ ငါတို့ရဲ့ အမေ..
မီးဖိုချောင်ထဲမှာ ကုတ်ကုတ်ကုတ်ကုတ်နဲ့..
မိသားစု စားဖို့ အရေး မျက်နှာ မှာ
အိုးမည်းတစ်ခွဲသား ၊ချွေးတလုံးလုံးနဲ့..
ချက်ပြုတ်နေတဲ့ကြားက အပြုံးပန်းနဲ့ နှုတ်ဆက်ခဲ့တဲ့
နှုတ်ဆက်ခဲ့တဲ့
ငါတို့ရဲ့အမေ..
အခုတော့....ဒါတွေအားလုံးဟာ
အိပ်မက်တစ်ခုပါပဲလား..
ပြန်မက်ချင်လည်း မက်လို့မရတဲ့အိပ်မက်..
အရာအားလုံးကို ငါတမ်းတမိခဲ့တယ်..
တိမ်းတမိတိုင်း လွမ်းခဲ့ရတယ်..
လွမ်းမိတိုင်းလည်း..ငါအကြိမ်ကြိမ်
အခါခါ ငိုကြွေးခဲ့ရတာကို ဘယ်သူသိမှာလဲ...
'' အမေ '' တစ်ယောက် ရောသိနိုင်ပါရဲ့လား..
''ခလုတ်ထိမှ အမိသ ''ခဲ့မိတဲ့ ငါ..
ပျက်စီးသွားပြီးမှ အသစ်ပြန်ဖြစ်ချင်တဲ့..ငါ
ငါ့ခြေထောက်ငါ့ရပ် ၊ ငါ့လမ်းငါလျှောက်နိုင်တဲ့ အချိန်မှာ
ငါ့ဘေးမှာ ''အမေ '' မရှိတော့ဘူးလေ..
ငါ့ကိုငါ တရားကျမိတယ်..ယူကျုံးမရလည်းဖြစ်ခဲ့တယ်..
ငါ့ကို ငါလည်း မကျေမနပ် ဖြစ်မိတယ်...
ငါဒီလောက်တောင် တာဝန်မကျေခဲ့တာလား..
ကံကြမ္မာကြီးကို ငါ့မုန်းတယ်..
ငါ့ကိုကျ ဘာလို့ မျက်နှာသာမပေးရတာလဲ...
လောကကြီးရေ..ငါ့ရဲ့တာဝန်ကိုတော့
မလုပ်ခိုင်းပဲနဲ့ ဘာလို့ လျစ်လျူရှု့ထားခဲ့ရတာလဲ....
.....................................................
အရာအားလုံးဟာ ပြီးဆုံးသွားခဲ့ပါပြီ..
ပြန်လိုချင် ၊ပြန်ဖြစ်ချင်ပေမယ့်လည်း..
ပြန်ဖန်တီးလို့ မရတဲ့ အရာတွေပဲလေ...
ဒါပေမယ့် ငါ့တို့အမေအတွက်တော့..
ငါလုပ်ပေးနိုင်တာတစ်ခုတော့ရှိတယ် ..
အမေရေ..
အမေ့အတွက်သား
ညစဉ်ညတိုင်း ဆုတောင်းပေးနေပါတယ်
အမေရေ....
စိတ်ချမ်းမြေ့ပျော်ရွှင်ပါစေ
ငါညတိုင်းဆုတောင်းမိနေတာကတော့..
ကမ္ဘာပေါ်မှာရှိတဲ့ လူတွေအားလုံး..
ဒီလိုအဖြစ်မျိုးနဲ့ မကြုံပါစေနဲ့လို့ပေါ့....
(အမေများနေ့မှာ ဒီကဗျာလေးဖြင့် အမေ့ကို ရှိခိုးဦးချကန်တော့လိုက်ပါတယ် အမေရေ)
Thursday, May 6, 2010
ပြန်လာခဲ့ ပါ
ငါ မင်းကို သေလောက်အောင်ချစ်ပါတယ်
ငါဒီနေ့  ၀မ်းနည်းနေတယ်
ငါပြောတဲ့  စကားတွေ က ကြမ်းချင်ကြမ်းမယ်
ဒါပေမယ့် ငါ့ ရဲ့ အချစ်တွေ က ဖြူစင်ပါတယ်
ငါချစ်တာ မင်းတစ်ယောက် ထဲ ပါ
အချစ်ဆိုတာ ကို ငါ သေချာ အဓိပါယ် မဖွင့်တတ်ပေမယ့်
မင်း မရှိရင် တော့ ငါ့ ဘ၀မှာ
ဘာမှ အဓိပါယ် မရှိတော့ ဘူးဆိုတာတော့
ငါ သေချာသိနေတယ်
ငါ ဟာ မင်း အတွက် စိတ်ချမ်းသာမှုတွေ
မပေးနိုင်တဲ့ နေ့ ကျရင်
မင်းငါ့ကို မေ့ သွားမှာလား
ငါ ဟာ လူဆိုးတစ်ယောက်ပါ
တစ်ခုတော့ ငါတောင်းဆိုပါတယ်
ဘယ်လောက်ပဲ စိတ်ကောက်ကောက်
အချိန်တန်ရင်တော့ ငါ့ ဆီပြန် လာခဲ့ ပါ.......
Tuesday, May 4, 2010
သံဇဉ်အချစ်
အချစ် ဆို တာ
ရင်ဘတ်ထဲ က ရင်ခုန် သံတွေနဲ့ 
ဆီးချက်ညီ ကိုက် ညှိထားတဲ့ 
သံဇဉ်တစ်ပုဒ်လို ပေါ့
ရင် ခုန်သံ မညီလို့ 
ဆီးချက် မညီခဲ့ ရင်
သံဇဉ်တွေ ဆို တာ ဖြစ်မပေါ်လာသလို
အချစ်ဆို တာလဲ
ကာရံ မညီတဲ့  အတုအယောင်
သံဇဉ်တစ်ပုဒ်ပေါ့ ချစ်သူ
မောင် ချစ်ကို ချစ်တဲ့ အချစ်တွေ က
ရင်ခုန်သံတွေ နဲ့ ဖွဲ့ သီထားတဲ့ 
ကာရံ ညီတဲ့  သံဇဉ်တစ်ပုဒ်လို ပါပဲ ကွယ်
ဘယ်တော့ မှ လွဲ မချော် သွားသလို
ထာဝရ ဆီးချက်ညီညီ
ရင် ခုန်သံတွေ နဲ့  အညီ ချစ်နေမှာ ပါ ချစ်သူ
မောင့် ချစ်သူလေး
မောင့် ရဲ့ အချစ်တွေ နဲ့ ပျော်ရွှင်နိုင်ပါစေ........
အလွမ်းများ
ချစ်သူရယ်
အရမ်းချစ်နေမိပြီ
ရင် ထဲ က အချစ်တွေနဲ့ 
နှစ်နှစ် ကာကာ ချစ်ခဲ့ သူပါ
အချိန်နဲ့ အမျှ ချစ်ရဲ့  အပြုံးလေးတွေ
ရီသံလေးတွေ စကားသံလေး တွေကို
ထာဝရခုံမင်နေသူ ပါ
တစ်ခါတစ်လေ ကိုယ့် အနားက အဝေးထွက် သွားမှာ စိုးလို့ 
ဘယ်ကို သွားသွား သ၀န်တို စိတ်နဲ့ 
အမြဲတမ်း မေးခဲ့ မိလို့ 
တစ်ယောက်နဲ့ တစ်ယောက် စကားများခဲ့ ကြတာလဲ
အကြိမ်ကြိမ်ပါပဲ လေ
ဒါပေမယ့် အပြုံးမပျက် ချစ်ခဲ့ မိသူ ပါ
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ 
စိတ် ညစ်ရတဲ့ နေ့ တွေ ရှိသလို
ပျော် ရွှင်ခဲ့ ရတဲ့  နေ့ တွေ က လည်း
မရေတွက် နိုင်အောင် ပါ ချစ်သူ
အဲ့ လို ပျော် ရွှင် မှုတွေပေးခဲ့ လို့ လဲ
မောင့် ချစ်သူလေးကို ထာဝရ
မောင်ချစ်နေမှာပါ.......
Sunday, May 2, 2010
ရင်ခုန်သံ
ရင်ခုန်သံတွေမညီညာခဲ့ ပေမယ့်
စည်းချက်တော့ကျခဲ့ ပါတယ်
သူများလို တော့ကဗျာမဆန်ဘူးပေါ့နော်
ဒါပေမယ့် အညာဆန်ပါတယ်
အညာသားလေးတွေက ရိုးသားသလို
ငါ့ရဲ့ အချစ်ကလဲဖြူစင်ခဲ့ ပါတယ်
မင်းကိုပြောခဲ့ တဲ့ စကားတွေမှာ
မုသားမပါလို့ လင်္ကာမချောခဲ့ ပေမယ့်
ရင်နင့်အောင်ချစ်တယ်လို့ တော့ ပြောတတ်ပါတယ်
ငါ့ရဲ့ ရင်ခုန်သံလေးတွေလေးတွေ
မင်းလေးတစ်ချိန်မှာ ကြားနိုင်ပါစေ....
Friday, April 30, 2010
တန်ဖိုးဆိုတာ လူလုပ်တာ
မွေးလွန်းလှတဲ့ မိခင် သားသမီးတွေဒဏ် ခံရစမြဲ
ဒါပေမယ့် … သူ့နှုတ်ခမ်းတွေ မမဲ့တက်ဘူး …
သူ့ ရင်ခွင်မှာ ပန်းတွေ အမြဲပွင့်တယ် ….
သူ့ ရင်ခွင်မှာ ဆောင်းပန်းတွေ အေးချိုတယ် …..
သူ့ ကမ္ဘာလေးဟာ နွေးထွေးတယ် …..
သူမ ဟာ မိခင်ကောင်းပဲ ….
တစ်ခါတစ်ရံ သူ့နှလုံးသားကို စားသုံးခံရလည်း
မငြိုငြင် တက်တဲ့ မိခင်ကြီးပေါ့ ……
သူရူးတစ်ယောက်လို ဟစ်ကြွေးနေပစေ
သူဟာ သားသမီးကို သူ့လို အဖြစ်မခံတက်တဲ့ သူပေါ့ ….
ငါ့ ၏ သားတို့ သမီးတို့ …..
တစ်ခါတစ်ရံ အသက်ရှုပြင်းတဲ့ နေ့တွေဆို
အေးချမ်းတဲ့ သစ်ပင်ရိပ်မှာ ခိုဝင်ပါ …..
မင်းတို့ အတွက် အေးချမ်းတဲ့ ရေအိုးစဉ်လေး ရှိတယ် ….
ဒါပေမယ့် ……
နောက်လူတွေ အတွက် ပြန်ဖြည့်ခဲ့ပါ ……
နောက်လူတွေ အတွက် ရှင်းလင်းထားခဲ့ပါ ….
နောက်လူတွေ အတွက် မင်းတို့မှာ တာဝန်ရှိတယ် ….
စိတ်ချပါ မိခင် ….
မိခင် ရဲ့ မွန်မြတ်တဲ့ နားခိုရာ နေရာအတွက်
ငွေ ကြေး နဲ့ တန်ဖိုးမဖြတ်ပါဘူး …..
ငွေ ကြေး အသပြာနဲ့ အလုပ်မလုပ်ပါဘူး …….
စိတ်စေတနာ သန့်ရှင်းစွာ နဲ့ အများအတွက် လုပ်ဆောင်ပေးပါတော့မယ် …..
အခုတော့ ……
စိမ်းလန်းနေတဲ့ သစ်ရိပ်တွေကြား
ရယ်မောသံ … လွမ်းဆွေးသံ …. ဖေးကူမယ့် လက်ကမ်းတွေ
ဗလောင်ဆူနေကြတာပေါ့ ……… ။
Monday, April 26, 2010
မင်းကလွဲလို့
ငါ့မှာ
ဘာမှမရှိတော့ဘူး ..ချစ်သူ ….
မင်းကိုချစ်မိတဲ့နေ့ကစပြီး
ငါ့အတ္တတွေကို သဂြိုလ်ခဲ့တယ် …
ငါ့မာနတွေကို မြေမြုပ်ပစ်ခဲ့တယ် …
စက်ရုပ်လိုဘ၀ထဲမှာ ကြိုးစားရှင်သန်ခဲ့တယ် …
အခု ငါ့မှာ
မင်းကို ချစ်တဲ့နှလုံးသားတစ်စုံက
ရင်ခုန်နေသေးတာကလွဲလို့
ထပ်ပေးဆပ်စရာ ..
ဘာမှကိုမကျန်တော့ဘူး ချစ်သူ …
ချစ်ခြင်းရဲ့ နိဂုံးက
လမ်းခွဲခြင်းမဟုတ်လို့
ဝေးကွာဖို့ဆိုတဲ့ အခြေအနေတရပ်
ငါ့ပြဌာန်းချက်မှာ မရှိတော့လဲ
တစ်ယောက်တည်း ကြေကွဲနေရတာကိုက
ငါ့ဘ၀ပေးပဲ ထားလိုက်ပါတော့ ချစ်သူရယ် …
အားလုံးရဲ့ အဝေးမှာ
မုန်းလို့ မရတဲ့ ချစ်သူတွေ
Sunday, April 25, 2010
အချစ်နဲ့ အရာရာ ဖန်ဆင်း
ကြယ်တစ်စင်း မင်းအတွက်
လင်းခဲ့တယ်…. ငါ့အချစ်နဲ့ပေါ့
ဆေးရောင်တွေ ခြယ်ကြည့်
လှပခြင်း မင်းအတွက်
ဖြစ်ခဲ့တယ်…ငါ့အချစ်နဲ့ပေါ့
အရာရာဖန်ဆင်း…
ချစ်သူ့ အတွက်
လမင်းဆိုလည်း ဖြစ်စေ…
ပန်းချီကားတွေလည်း လှစေ…
မင်းပေးတဲ့ လက်တစ်စုံသာ
ငါ့အတွက် အရာရာ အားဖြစ်စေ…
ဟိုး….အဝေးမှာလေ
ပန်းပွင့်လေးတွေ မင်းအတွက်
မိုးစက်လေးတွေထဲ မင်းပြေးဆော့လိုက်….
အရာရာဖန်ဆင်းမယ်လေ…. အချစ်နဲ့
ကောင်မလေး တစ်ယောက်နားကနေ ချစ်ခြင်းတွေ ဖန်ဆင်း……… မင်းအတွက်
ကဗျာတစ်ပုဒ်ရှိခဲ့ဖူးတယ် ဆိုတဲ့ စာသားလေးတွေ့လို့ ဒီကဗျာလေး ဖြစ်လာခဲ့တယ်ဆိုပါတော့။