Tuesday, May 4, 2010

အလွမ်းများ


ချစ်သူရယ်
အရမ်းချစ်နေမိပြီ
ရင် ထဲ က အချစ်တွေနဲ့ 
နှစ်နှစ် ကာကာ ချစ်ခဲ့ သူပါ
အချိန်နဲ့ အမျှ ချစ်ရဲ့  အပြုံးလေးတွေ
ရီသံလေးတွေ စကားသံလေး တွေကို
ထာဝရခုံမင်နေသူ ပါ
တစ်ခါတစ်လေ ကိုယ့် အနားက အဝေးထွက် သွားမှာ စိုးလို့ 
ဘယ်ကို သွားသွား သ၀န်တို စိတ်နဲ့ 
အမြဲတမ်း မေးခဲ့ မိလို့ 
တစ်ယောက်နဲ့ တစ်ယောက် စကားများခဲ့ ကြတာလဲ
အကြိမ်ကြိမ်ပါပဲ လေ
ဒါပေမယ့် အပြုံးမပျက် ချစ်ခဲ့ မိသူ ပါ
ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ 
စိတ် ညစ်ရတဲ့ နေ့ တွေ ရှိသလို
ပျော် ရွှင်ခဲ့ ရတဲ့  နေ့ တွေ က လည်း
မရေတွက် နိုင်အောင် ပါ ချစ်သူ
အဲ့ လို ပျော် ရွှင် မှုတွေပေးခဲ့ လို့ လဲ
မောင့် ချစ်သူလေးကို ထာဝရ
မောင်ချစ်နေမှာပါ.......

0 comments:

Post a Comment