Tuesday, May 4, 2010

သံဇဉ်အချစ်


အချစ် ဆို တာ
ရင်ဘတ်ထဲ က ရင်ခုန် သံတွေနဲ့ 
ဆီးချက်ညီ ကိုက် ညှိထားတဲ့ 
သံဇဉ်တစ်ပုဒ်လို ပေါ့
ရင် ခုန်သံ မညီလို့ 
ဆီးချက် မညီခဲ့ ရင်
သံဇဉ်တွေ ဆို တာ ဖြစ်မပေါ်လာသလို
အချစ်ဆို တာလဲ
ကာရံ မညီတဲ့  အတုအယောင်
သံဇဉ်တစ်ပုဒ်ပေါ့ ချစ်သူ
မောင် ချစ်ကို ချစ်တဲ့ အချစ်တွေ က
ရင်ခုန်သံတွေ နဲ့ ဖွဲ့ သီထားတဲ့ 
ကာရံ ညီတဲ့  သံဇဉ်တစ်ပုဒ်လို ပါပဲ ကွယ်
ဘယ်တော့ မှ လွဲ မချော် သွားသလို
ထာဝရ ဆီးချက်ညီညီ
ရင် ခုန်သံတွေ နဲ့  အညီ ချစ်နေမှာ ပါ ချစ်သူ
မောင့် ချစ်သူလေး
မောင့် ရဲ့ အချစ်တွေ နဲ့ ပျော်ရွှင်နိုင်ပါစေ........

1 comments:

akar heain zaw said...

Good

Post a Comment